ဗျာဒိတ်ကျမ်း 7:3
``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 9:4သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
Exodus 12:23ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
Isaiah 26:20ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
Isaiah 54:17သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
Ezekiel 9:4``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
Daniel 3:26သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-