ဗျာဒိတ်ကျမ်း 8:7
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 9:23မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
Joshua 10:11ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
Psalms 18:12ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
Psalms 105:32ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
Isaiah 10:17ဣသရေလအမျိုးသားတို့၏အလင်းဖြစ် တော်မူ၍ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည်ဆူးပင်အမျိုးမျိုးပါမကျန် ခပ်သိမ်းသောအရာတို့ကို တစ်နေ့ချင်း၌ ကျွမ်းလောင်စေတတ်သောမီးကဲ့သို့ဖြစ် လိမ့်မည်။-
Isaiah 29:6ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။-