ဗျာဒိတ်ကျမ်း 9:5
ထိုသူတို့အားအသေသတ်ပိုင်ခွင့်မရှိ။ ငါးလမျှ သာလျှင်ညှဉ်းဆဲပိုင်ခွင့်ရှိ၏။ ကျိုင်းကောင်အကိုက် ခံရသူတို့သည်ကင်းမြီးကောက်အကိုက်ခံရ သကဲ့သို့နာကျင်စွာဝေဒနာခံရကြလိမ့် မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 10:11ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
Daniel 5:18``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
John 19:11သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
Revelation 9:10သူတို့၏အမြီးသည်ကင်းမြီးကောက်၏အမြီး နှင့်တူ၍ဆူးရှိ၏။ သူတို့အမြီးတွင်လူတို့အား ငါးလတိုင်တိုင်ဘေးဥပဒ်ရောက်စေနိုင်သော တန်ခိုးရှိ၏။
Revelation 13:5ထိုသားရဲသည်ကြွားဝါ၍ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကိုလည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံးအုပ်စိုးပိုင်ခွင့်ကိုလည်းကောင်း ရရှိထား၏။-