ရောမဩဝါဒစာ 3:2
အကျိုးကားအဘက်ဘက်၌များစွာရှိ၏။ ပထမအနေဖြင့်ယုဒအမျိုးသားတို့ သည်ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံ ယူရရှိကြ၏။-
Common Language Bible
In The King James Version
Much every way: chiefly, because that unto them were committed the oracles of God.
In Context
Cross References
Deuteronomy 4:7``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
Psalms 78:4ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
Psalms 147:19ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊ အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
Ezekiel 20:11ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
Luke 16:29အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
Acts 7:38သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။