ရောမဩဝါဒစာ 3:25
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 25:17``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-
Psalms 22:31``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။
Psalms 50:6ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
Psalms 119:142ကိုယ်တော်ရှင်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်သည်အစဉ် မှန်ကန်ပါ၏။
John 6:47အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။-
Acts 2:23ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-