ရောမဩဝါဒစာ 3:30
ဘုရားသခင်သည်တစ်ဆူတည်းဖြစ်တော်မူ ၏။ ကိုယ်တော်သည်ယုံကြည်ခြင်းကြောင့်ယုဒ အမျိုးသားတို့ကို မိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Romans 3:28ယုံကြည်ခြင်းအားဖြင့်သာလျှင်ကိုယ်တော် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ကြောင်း၊ ပညတ်တရားကိုကျင့်သုံးခြင်းအားဖြင့် မရရှိနိုင်ကြောင်းငါတို့ယခုသိကြပြီ ဖြစ်သည်။-
Romans 10:12ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
Galatians 3:8ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
Galatians 3:28သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
Galatians 6:15လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
Colossians 2:10သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။