ရောမဩဝါဒစာ 4:12
သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 2:20သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
Matthew 3:9အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
John 8:39ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
2 Corinthians 12:18ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
1 Peter 2:21ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။-