ရောမဩဝါဒစာ 5:16
ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 43:25သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
Luke 7:47ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။
1 Corinthians 6:9ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-
Galatians 3:10ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-
James 2:10ပညတ်တော်တစ်ပါးကိုချိုးဖောက်သူသည် ပညတ်တော်အလုံးစုံကိုချိုးဖောက်ရာရောက် ပေသည်။-