ရောမဩဝါဒစာ 6:9
ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။-
Common Language Bible
In The King James Version
Knowing that Christ being raised from the dead dieth no more; death hath no more dominion over him.
In Context
Cross References
Psalms 16:9သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။
Romans 5:14သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။-
Hebrews 2:14ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
Hebrews 7:25သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
Revelation 1:18ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-