ရောမဩဝါဒစာ 8:11
သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Ezekiel 37:14ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
John 5:28ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
John 14:17ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
Acts 2:32ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
Romans 6:4သို့ဖြစ်၍ငါတို့သည်ဗတ္တိဇံအားဖြင့်ခရစ်တော် နှင့်အတူ မြှုပ်နှံခြင်းကိုခံသဖြင့်ကိုယ်တော် နှင့်အတူအသေခံကြ၏။ ကိုယ်တော်နှင့်အတူ အသေခံရသည့်အကြောင်းမှာခမည်းတော် သည်ဘုန်းတန်ခိုးတော်အားဖြင့် ကိုယ်တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသည် နည်းတူငါတို့အားလည်းဘဝသစ်၌ကျင် လည်ရကြစေရန်ဖြစ်သတည်း။
Romans 8:2အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-