ရောမဩဝါဒစာ 8:35
သို့ဖြစ်၍အဘယ်သူသည်ငါတို့အားခရစ် တော်၏မေတ္တာတော်နှင့်ကွဲကွာစေနိုင်မည်နည်း။ ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ အညှဉ်းပန်း ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နှင့်တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း တို့သည်ကိုယ်တော်၏မေတ္တာတော်နှင့်ငါတို့ကို ကွဲကွာစေနိုင်မည်လော။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 31:3ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-
Matthew 10:28ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
John 10:28ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
John 16:33သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
Acts 20:23သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။-
Romans 8:17ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။