The Bible Software
Song of Solomon · Common Language Bible

Song of Solomon 4

1သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။

2နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။

3လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

4ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။

5မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။

6ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။

7ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။

8ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။

9ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။

10ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။

11ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။

12သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊

13နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။

14ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။

15မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။

16

← Song of Solomon 3Read In The App, Free →Song of Solomon 5 →

Study Song of Solomon 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678