ဇာခရိအနာဂတ္တိကျမ်း 14:11
လူတို့သည်ဆုံးပါးပျက်စီးမည့်ဘေးဖြင့် ခြိမ်းချောက်မှုမခံရတော့ဘဲ ထိုအရပ်တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 14
Cross References
Numbers 21:3ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
Isaiah 26:1ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
Isaiah 66:22``ကမ္ဘာမြေကြီးသစ်နှင့်မိုးကောင်းကင်သစ် တို့သည် ငါ၏တန်ခိုးတော်အားဖြင့်တည် မြဲလျက်နေသကဲ့သို့၊ သင်တို့နာမည်နာမ များနှင့်သားမြေးတို့သည်တည်မြဲလျက် နေလိမ့်မည်။
Jeremiah 23:6ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
Jeremiah 33:15ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
Ezekiel 37:26ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။-