ဇေဖနိအနာဂတ္တိကျမ်း 1:17
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
Deuteronomy 28:29နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
Psalms 79:2သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
Isaiah 29:10ထာဝရဘုရားသည်သင်တို့အားအလွယ် တကူအိပ်မောကျ၍သွားစေတော်မူလိမ့် မည်။ ပရောဖက်များသည်လူတို့၏မျက်စိ များဖြစ်သင့်သော်လည်းဘုရားသခင်သည် သူတို့၏မျက်စိများကိုဖုံးပိတ်၍ထား တော်မူ၏။-
Isaiah 59:9လူတို့က``ဘုရားသခင်သည်ငါတို့အား မတရားပြုသူတို့လက်မှအဘယ်ကြောင့် ကယ်တော်မမူကြောင်းကိုလည်းငါတို့သိ ရပြီ။ ငါတို့သည်မိမိလျှောက်သွားရန်လမ်း ခရီးအတွက် အလင်းရောင်ကိုမျှော်လင့်တောင့် တကြသော်လည်းမှောင်မိုက်အရိပ်ကိုသာ လျှင်ရရှိကြ၏။-
Jeremiah 2:17အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။