ဇေဖနိအနာဂတ္တိကျမ်း 3:18
``ပွဲလမ်းသဘင်၌ပျော်ရွှင်သောသူများ ကဲ့သို့ ရွှင်မြူးတော်မူလိမ့်မည်'' ထာဝရဘုရားက ``ဝမ်းနည်းရမှုကိုရပ်စဲ၍၊- သင်၏အသရေပျက်မှုကိုသင်၏ဝန်ထုပ် အဖြစ်မှ ဖယ်ရှားလိုက်လေပြီ။
Common Language Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 3
Cross References
Psalms 43:3ကိုယ်တော်ရှင်၏အလင်းတော်နှင့် သစ္စာတရားတော်ကိုစေလွှတ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင် သို့လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်ရာဗိမာန်တော်သို့လည်းကောင်း ပြန်၍ပို့ဆောင်စေတော်မူပါ။
Psalms 79:4ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။
Psalms 137:3ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
Jeremiah 31:8ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
Lamentations 1:7အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
Ezekiel 34:13နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-