2 ရာဇဝင်ချုပ်ပထမစောင် 12:32
ကာလ အချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ ပြု သင့်သည်ကို သိ တတ်သော ဣသခါ အမျိုးသား သူကြီး နှစ် ရာ၊ သူ တို့အမျိုးသား ချင်း အပေါင်း တို့သည် အသင့်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12
Cross References
Deuteronomy 33:17သူ ၏ ဘုန်း သည် နွားလား ဥဿဘဘုန်းကဲ့သို့၎င်း၊ သူ ၏ ဦးချို တို့သည် ကြံ့ ဦးချို ကဲ့သို့၎င်း ဖြစ်ကြ၏။ ထို ဦးချိုတို့နှင့် လူ အမျိုးမျိုးတို့ကို မြေကြီး စွန်း တိုင်အောင်တပြိုင်နက် ထိုးခတ် လိမ့်မည်။ ဧဖရိမ် အမျိုးသားအသောင်း သောင်း၊ မနာရှေ အမျိုးသားအထောင် ထောင်ပေတည်း။
Proverbs 24:5ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။
Ecclesiastes 9:18ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။
Isaiah 33:6ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
Matthew 16:3နံနက်ယံ ၌ကား၊ ယခုမိုး အုံ့ လျက်ရှိ၏။ နီမောင်း သောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက် မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင် ၏ မျက်နှာ ကိုပိုင်းခြား ၍သိ နိုင်ကြ၏။ကပ် ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မ သိနိုင် ကြ။