2 ရာဇဝင်ချုပ်ပထမစောင် 21:13
ဒါဝိဒ် ကလည်း၊ ငါ သည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီး လှ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟုဂဒ် အား ပြန်ပြော ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
14ထာဝရဘုရား သည်လည်း၊ ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ လူ ခုနစ် သောင်း သေ ကြ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21
Cross References
2 Kings 6:15နံနက်စောစောဘုရား သခင့်လူ ၏ ကျွန် သည် ထ ၍ ပြင်သို့ ထွက် သောအခါ ၊ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ တို့သည် မြို့ ကို ဝိုင်း လျက် ရှိကြသည်ဖြစ်၍၊ အိုသခင် ၊ အဘယ်သို့ ပြု ရပါမည်နည်းဟု မိမိ သခင် အား ဆို ၏
2 Chronicles 28:9ဩဒက် အမည် ရှိသောထာဝရဘုရား ၏ ပရောဖက် တပါးရှိ ၍ ၊ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် ၊ သင် တို့လက် ၌ အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။
Esther 4:16နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
Psalms 51:1အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
Psalms 69:16အိုထာဝရဘုရား ၊ ကျေးဇူး ပြုချင်သော စေတနာတော်သည် ကောင်းမွန် သောကြောင့် ၊ အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် ကို မျက်နှာ ပြုတော်မူပါ။
Psalms 86:15အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။