The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 21

1နောက် တဖန်စာတန် သည် ဣသရေလ အမျိုး တဘက် ၌ထ ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကို တိုက်တွန်း လေ၏။

2ဒါဝိဒ် ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘ မြို့မှ သည် ဒန် မြို့တိုင်အောင် သွား ၍ ဣသရေလ အမျိုးသားတို့ ကိုရေတွက် ပြီးလျှင် ၊ စာရင်းကို ငါ့ ထံသို့ သွင်း လော့ဟု ဗိုလ်ချုပ်မင်းယွာဘ နှင့် အရာရှိ တို့အား မိန့် တော်မူ၏။

3ယွာဘ ကလည်း၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ထပ်၍အဆ တရာ တိုးပွါး စေခြင်းငှါပြုတော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီး ၊ ဣသရေလ လူအပေါင်း တို့သည် သခင် ၏ကျွန် ဖြစ်ပါသည် မ ဟုတ်လော။ သို့ဖြစ်၍ကျွန်တော် သခင် သည် ဤ အမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလ အမျိုး ပြစ်မှား စရာ အကြောင်းကို အဘယ်ကြောင့် ပြု တော်မူသနည်းဟု လျှောက် လေ၏။

4သို့သော်လည်း အမိန့် တော်သည် ယွာဘ စကားကို နိုင် သဖြင့် ၊ ယွာဘ သည်ထွက် ၍ ဣသရေလ ပြည် တရှောက်လုံး သို့ သွား ပြီးမှ ၊ ယေရုရှလင် မြို့သို့ ပြန်လာ ၏။

5လူ ပေါင်းစာရင်း ကို ဒါဝိဒ် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ တသန်း နှင့် တသိန်း ၊ ယုဒ အမျိုး၌ ထား ကိုင် သူရဲ လေးသိန်း နှင့် ခုနစ်သောင်းရှိ ၏။

6သို့ရာတွင် ယွာဘ သည် အမိန့် တော်ကို ရွံ သောကြောင့် ၊ လေဝိ အမျိုးနှင့် ဗင်္ယာမိန် အမျိုးကို အခြားသော အမျိုးထဲသို့ သွင်း၍ မ ရေတွက်။

7ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင် သည် အလို တော်မရှိသဖြင့် ၊ ဣသရေလ အမျိုးကို ဒဏ်ခတ် တော်မူ မည်ဖြစ်၍၊

8ဒါဝိဒ် က၊ အကျွန်ုပ်ပြု မိသော အမှု ၌အလွန် ပြစ်မှား ပါပြီ။ ကိုယ်တော် ကျွန် ၏ အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သော အမှုကို ပြုမိပါပြီဟု ဘုရားသခင် အား တောင်းပန် လေ၏။

9ထာဝရဘုရား သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် ကို ခေါ်၍၊

10ဒါဝိဒ် ထံသို့ သွား လော့။ အရာသုံး ပါးကို သင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး လော့ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို လော့ဟု မိန့် တော်မူသည်အတိုင်း၊

11ဂဒ် သည်ဒါဝိဒ် ထံသို့ သွား ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊

12သုံး နှစ် ပတ်လုံးအစာ အာဟာရခေါင်းပါးသော ဘေး၊ သုံး လ ပတ်လုံးသင့် ကို ရန်သူ လိုက်မှီ ၍ ထား ဖြင့် လုပ်ကြံ သောဘေး၊ သုံး ရက် ပတ်လုံးပြည် တော် ၌ ကာလနာ တည်းဟူသောထာဝရဘုရား ၏ ထား တော် ကို၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ကိုင်၍ ဣသရေလ ပြည် တရှောက်လုံး ကို ဖျက်ဆီး သော ဘေးတို့တွင် တပါးပါးကိုရွေး လော့ဟု မိန့်တော်မူသည် ဖြစ်၍ ၊ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အဘယ်သို့ ပြန် လျှောက်ရမည်ကို ဆင်ခြင် တော်မူပါဟု လျှောက် လေ၏။

13ဒါဝိဒ် ကလည်း၊ ငါ သည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီး လှ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟုဂဒ် အား ပြန်ပြော ၏။

14ထာဝရဘုရား သည်လည်း၊ ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ လူ ခုနစ် သောင်း သေ ကြ၏။

15ယေရုရှလင် မြို့ကို ဖျက်ဆီး စေခြင်းငှါ ဘုရားသခင် သည် ကောင်းကင်တမန် ကို စေလွှတ် တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီး မည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရား သည် ကြည့်ရှု လျက်၊ ထိုဘေး ကြောင့် နောင်တရ တော်မူ၍၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း အနား မှာ ရပ်နေ ၏။

16ဒါဝိဒ် သည် မျှော်ကြည့် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင် မြို့အပေါ် မှာထား ကို မိုး လျက်မိုဃ်း ကောင်းကင်နှင့် မြေကြီး ကြား မှာ ရပ်နေ သည် ကိုမြင် လျှင် ၊ ကိုယ်တိုင်မှစ၍ဣသရေလအမျိုးသားအသက်ကြီး သူတို့သည် လျှော်တေ အဝတ်ကို ဝတ် လျက် မြေပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။

17ဒါဝိဒ် ကလည်း ၊ ပြည်သား တို့ကို ရေတွက် စေခြင်းငှါ စီရင် သော သူကား အကျွန်ုပ် ဖြစ်ပါသည်မ ဟုတ်လော။ အကျွန်ုပ်ပြစ်မှား ပါပြီ။ အလွန်ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့ကို ဒဏ်ခတ် ခြင်းငှါလက် တော်ကိုသူတို့အပေါ်သို့ ရောက်စေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး အပေါ် သို့ ရောက် စေတော်မူပါဟု ဘုရားသခင် အား တောင်းပန် လေ၏။

18ထိုအခါဒါဝိဒ် သည် သွား ၍၊ ယေဗုသိ လူ အရောန ၏ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် စေခြင်းငှါ ပြော ရမည်အကြောင်း ၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ဂဒ် ကို မှာထား သဖြင့်၊

19ဂဒ်ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော် အတိုင်း ဒါဝိဒ် သည် သွား လေ၏။

20အရောန သည်စပါး ကိုနယ် စဉ်တွင်၊ လှည့်ကြည့် ၍ ရှင် ဘုရင်ကို မြင် သောအခါ ၊ သား လေး ယောက်နှင့်တကွ ပုန်းရှောင် ၍နေ၏။

21ဒါဝိဒ် သည် အရောန ရှိရာ သို့ ရောက် သောအခါ ၊ အရောန ကြည့် ၍ ဒါဝိဒ် ကိုမြင် လျှင် ၊ ကောက်နယ် တလင်း မှ ဆင်း ၍ ဒါဝိဒ် ရှေ့ မှာဦးချ ပြပ်ဝပ်လေ၏။

22ဒါဝိဒ် ကလည်း၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို ငါတည် လိုသည်ဖြစ်၍ ၊ ဤကောက်နယ် တလင်းအရပ် ကို အဘိုး ထိုက်သည်အတိုင်း ရောင်း ပါဟု အမိန့် ရှိသော်၊

23အရောန က၊ ကျွန်တော် သခင် အရှင်မင်းကြီး ယူ တော်မူပါ။ စိတ် တော်ရှိသည်အတိုင်း ပြု တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များ၊ ထင်း ဘို့ ကောက်နယ် တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ဂျုံ စပါးများအလုံးစုံ ကို ကျွန်တော် ဆက် ပါ၏ဟု ဒါဝိဒ် အား လျှောက် လျှင်၊

24ဒါဝိဒ် မင်းကြီး က၊ ထိုသို့ငါမ ယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ငါဝယ်မည်။ သင့် ဥစ္စာကို ထာဝရဘုရား အဘို့ ငါမ သိမ်း။ ကိုယ်ငွေ မကုန်ဘဲ မီး ရှို့ရာ ယဇ်ကို မပူဇော် လိုဟု အရောန အား ဆို သဖြင့်၊

25ရွှေ ခြောက် ပိဿာ ကို ချိန်ပေး၍ ထိုအရပ်ကို ဝယ် ပြီးမှ၊

26ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ ၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထိုသို့ ထာဝရဘုရား ကို ပဌနာ ပြုသောအခါ ၊ မီး ရှို့ရာယဇ်ပလ္လင် ပေါ် သို့ မီး ကျသဖြင့် ကောင်းကင် ထဲက ထူး တော်မူ၏။

27ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ကောင်းကင် တမန်သည် မိမိ ထား ကို ထားအိမ် ၌ သွင်းထား ပြန်၏။

28ထာဝရဘုရား သည် ယေဗုသိ လူ အရောန ၏ ကောက်နယ် တလင်း၌ ထူး တော်မူသည်ကို ဒါဝိဒ် သိမြင် လျှင် ၊ ထို အရပ်၌ ယဇ် ပူဇော်ခြင်းအမှုကို ပြုလေ၏။

29တော ၌ မောရှေ လုပ် ခဲ့သော ထာဝရဘုရား ၏ တဲ တော်နှင့် မီး ရှို့ရာယဇ်ပလ္လင် သည်၊ ထို ကာလ ၌ ဂိဗောင် မြို့၌ မြင့် သောအရပ်ပေါ် မှာရှိ၏။

30ဒါဝိဒ် သည်ထာဝရဘုရား ၏ ကောင်းကင် တမန်ထား ကို ကြောက် သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ဘုရားသခင် ကို မ မေး မလျှောက်ဝံ့။။

← 2 ရာဇဝင်ချုပ်ပထမစောင် 20Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 22 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829