2 ရာဇဝင်ချုပ်ပထမစောင် 21:17
ဒါဝိဒ် ကလည်း ၊ ပြည်သား တို့ကို ရေတွက် စေခြင်းငှါ စီရင် သော သူကား အကျွန်ုပ် ဖြစ်ပါသည်မ ဟုတ်လော။ အကျွန်ုပ်ပြစ်မှား ပါပြီ။ အလွန်ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့ကို ဒဏ်ခတ် ခြင်းငှါလက် တော်ကိုသူတို့အပေါ်သို့ ရောက်စေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး အပေါ် သို့ ရောက် စေတော်မူပါဟု ဘုရားသခင် အား တောင်းပန် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Exodus 20:5ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊
Joshua 22:18သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။
2 Samuel 12:10ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
2 Samuel 24:17လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
1 Chronicles 21:8ဒါဝိဒ် က၊ အကျွန်ုပ်ပြု မိသော အမှု ၌အလွန် ပြစ်မှား ပါပြီ။ ကိုယ်တော် ကျွန် ၏ အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သော အမှုကို ပြုမိပါပြီဟု ဘုရားသခင် အား တောင်းပန် လေ၏။
Psalms 51:4ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။