2 ရာဇဝင်ချုပ်ပထမစောင် 28:20
သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
1835 Judson Burmese Bible
In The King James Version
In Context
19ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဉာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 28
Cross References
Deuteronomy 31:7တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
Joshua 1:5သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။
Joshua 1:9သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
1 Chronicles 22:13ဣသရေလအမျိုး၏ အမှု၌ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရ လိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
Ezra 10:4ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
Isaiah 41:10မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။