The Bible Software
ကောရိန္တုဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာပထမစောင် 13

1ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ မ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။

2ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။

3သူတစ်ပါးကို ငါ ကျွေးမွေး၍ ဥစ္စာ ရှိသမျှ ကို စွန့်ကြဲ သည်သာမက ၊ ကိုယ်ခန္ဓာ ကို မီးရှို့စေခြင်းငှာ အပ် သော်လည်း ၊ မေတ္တာ မ ရှိ လျှင် ၊ ငါ ၌အကျိုးမ ရှိ။

4မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။

5မ လျောက်ပတ် စွာမကျင့်တတ်၊ ကိုယ် အကျိုး ကို မ ရှာ တတ်၊ ဒေါသ အမျက်မ ထွက်တတ်၊ အပြစ် ရှိသည်ဟု မ ထင် တတ်၊

6မတရား သော အမှု၌ ဝမ်းမြောက် ခြင်းမ ရှိတတ်၊ သမ္မာတရား ၌ ဝမ်းမြောက် တတ်၏။

7ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။

8မေတ္တာ သည် ဖောက်ပြန် ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။ ပရောဖက် ဉာဏ်သော်၎င်း၊ အမျိုးမျိုး သော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံ အတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်။

9ယခုမူကား ၊ ငါတို့သည် မစုံမလင်သိ တတ်ကြ၏။ ပရောဖက် ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။

10စုံလင် ခြင်းသို့ ရောက် သောအခါ မူကား ၊ မ စုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။

11ငါသည် သူငယ် ဖြစ် စဉ်အခါ ၊ သူငယ် လို စကား ပြော၏။ သူငယ် လို စိတ်ထင် ၏။ သူငယ် လို ကြံစည် ၏။ အသက်ကြီးသောအခါ မူကား၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏။

12ယခု တွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက် သာ နေကြ၏။ ထိုအခါ မူကား ၊ မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခု တွင် ငါအသိ အမြင်မ စုံလင်ဖြစ်၏။ ထိုအခါ မူကား ၊ သူတစ်ပါးသည် ငါ့ကို သိ သကဲ့သို့ ငါသိ ရလိမ့်မည်။

13ယခု တွင်ယုံကြည် ခြင်း၊ မြော်လင့် ခြင်း၊ ချစ် ခြင်း၊ ဤ သုံး ပါးတည်လျက် ရှိ၏။ ဤ သုံးပါးတို့တွင် ချစ် ခြင်း၊ မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။

← ကောရိန္တုဩဝါဒစာပထမစောင် 12Read In The App, Free →ကောရိန္တုဩဝါဒစာပထမစောင် 14 →

Study ကောရိန္တုဩဝါဒစာပထမစောင် 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516