ရှင်ယောဟန်ဩဝါဒစာပထမစောင် 1:4
သင်တို့၏ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ လည်း ၊ ဤအရာ များကို ငါ တို့သည် ရေး လိုက်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And these things write we unto you, that your joy may be full.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 1
Cross References
Isaiah 61:10ထာဝရဘုရား ကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ ၏ဘုရား သခင်ကြောင့် ငါ့ ဝိညာဉ် သည် ရွှင်လန်း မည်။ အကြောင်း မူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်း သရဖူကို ဆောင်း သကဲ့သို့ ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာ ဆင် သကဲ့သို့ ၎င်း၊ ကယ်တင် ခြင်းအဝတ် တန်ဆာနှင့် ငါ့ ကို ဝတ်ဆင် စေ၍၊ ဖြောင့်မတ် ခြင်းဝတ်လုံ နှင့် ခြုံ တော်မူပြီ။
John 3:29မင်္ဂလာဆောင်သတို့သမီး ကိုရ သောသူ သည်မင်္ဂလာဆောင် လုလင်ဖြစ် ၏။ မင်္ဂလာဆောင်လုလင် ၏ အနားမှာ နေ၍ သူ ၏စကားကိုကြား ရသော အဆွေ ခင်ပွန်းသည်ထိုစကား သံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ ၏ဝမ်းမြောက် ခြင်းပြည့်စုံ ၏။
John 16:24ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။
Ephesians 3:19ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။
1 John 2:1ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။