The Bible Software
ရှင်ယောဟန်ဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ဩဝါဒစာပထမစောင် 1

1ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။

2ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။

3ငါ တို့သည် ခမည်းတော် နှင့် ၎င်း ၊ သား တော်ယေရှု ခရစ် နှင့် ၎င်း၊ မိဿဟာယဖွဲ့ ရသည်ဖြစ်၍ ၊ သင် တို့သည် ငါ တို့နှင့် မိဿဟာယဖွဲ့ စေခြင်းငှာ ၊ ငါတို့ကြား မြင် ရသောအရာကို သင် တို့အား ပြသ ကြ၏။

4သင်တို့၏ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ လည်း ၊ ဤအရာ များကို ငါ တို့သည် ရေး လိုက်ကြ၏။

5ထို နှုတ်ကပတ် တော်ထံ၌ ငါတို့သည်ကြား ရ၍၊ သင် တို့အား ပြသ သောတရား စကားဟူမူကား၊ ဘုရားသခင် သည်အလင်း ဖြစ် တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက် အလျှင်း မ ရှိ ။

6ငါတို့သည် ဘုရားသခင် နှင့် မိဿဟာယဖွဲ့ ပြီဟုဆို လျက်ပင် ၊ မှောင်မိုက် ၌ ကျင်လည် လျှင် ၊ သစ္စာ တရား ကိုမ ကျင့် ။ မုသာ ကိုသုံးသောသူ ဖြစ်ကြ၏။

7ဘုရားသခင် သည်အလင်း ၌ ရှိ တော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည် လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ ခြင်း ရှိ ကြသည်ဖြစ်၍၊ ဘုရားသခင် ၏သား တော်ယေရှု ခရစ်၏အသွေး တော်သည်၊ ငါ တို့အပြစ် ရှိသမျှ ကို ဆေးကြော တော်မူ၏။

8ကိုယ်အပြစ် မ ရှိ ဟုငါတို့သည်ဆို လျှင် ၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါ တို့၌ သစ္စာ တရားမ ရှိ ။

9ကိုယ် အပြစ် တို့ကို ဖော်ပြ တောင်းပန်လျှင် ၊ ငါ တို့အပြစ် များကိုလွှတ် ၍ ဒုစရိုက် ရှိသမျှ နှင့် ကင်းစင် စေခြင်းငှာ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း ၊ ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း ပြည့်စုံတော်မူ၏။

10ဒုစရိုက် ကိုမ ပြု ပြီဟု ငါတို့သည်ဆို လျှင် ၊ ဘုရားသခင် ကို မုသာ အပြစ်တင်ကြ၏။ နှုတ်ကပတ် တော် လည်း ငါ တို့၌ မ ရှိ ။

← ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3Read In The App, Free →ရှင်ယောဟန်ဩဝါဒစာပထမစောင် 2 →

Study ရှင်ယောဟန်ဩဝါဒစာပထမစောင် 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345