ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:6
ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။
မြန်မာကျမ်းစာ
In The King James Version
Whosoever abideth in him sinneth not: whosoever sinneth hath not seen him, neither known him.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
2 Corinthians 3:18ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
1 John 2:4ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။
1 John 3:2ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။
1 John 4:8ချစ် ခြင်းမ ရှိသောသူ သည် ဘုရားသခင် ကိုမ သိ ။ အကြောင်းမူကား ၊ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာ ဖြစ် တော်မူ၏။
3 John 1:11အချင်းချစ်သူ ၊ မကောင်း သောနည်းကို မ လိုက် နှင့်၊ ကောင်း သောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့် သောသူ သည် ဘုရားသခင် နှင့်စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့် သောသူ မူကား၊ ဘုရားသခင် ကို မ သိ မမြင်ရပြီ။