The Bible Software
ရှင်ယောဟန်ဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ဩဝါဒစာပထမစောင် 3

1ဘုရားသခင် ၏ သား တော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါ တို့သည်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ် တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသား တို့သည် ဘုရားသခင် ကို မ သိ သောကြောင့် ၊ ငါ တို့ကိုလည်း မ သိ ကြ။

2ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။

3ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။

4ဒုစရိုက် ကို ပြု သောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏။ ဒုစရိုက် သည်ကား ပညတ်တော်ကို လွန်ကျူး ခြင်းဖြစ် သတည်း။

5ကိုယ်တော်သည် ငါတို့၏အပြစ် များကို ဆောင်သွား ခြင်းငှာ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့ သိ ကြ၏။ ကိုယ်တော် ၌ လည်း အပြစ် မ ရှိ ။

6ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။

7ချစ်သား တို့၊ သင် တို့ကို အဘယ်သူ မျှ မလှည့်ဖြား စေနှင့်။ အကြင်သူ သည် ဖြောင့်မတ် ခြင်းတရားကို ကျင့် ၏။ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ ၊ ထိုသူ သည်ဖြောင့်မတ် ခြင်းရှိ ၏။

8မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။

9ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။

10ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။

11သင်တို့သည်ရှေ့ဦးစွာ ကပင် ကြား ရသောတရား စကားဟူမူကား ၊ မာရ်နတ် နှင့်ဆိုင် ၍ မိမိ ညီ ကိုသတ် သော ကာဣန ကဲ့သို့ မ ဟုတ်၊ ငါတို့သည် အချင်းချင်း ချစ် ရကြမည်ဟုလာသတည်း။

12ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။

13ညီအစ်ကို တို့၊ လောကီသား တို့သည် သင် တို့ကို မုန်း သော်လည်း အံ့ဩ ခြင်းမ ရှိကြနှင့်။

14ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။

15မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။

16ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။

17အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။

18ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။

19ထိုသို့ ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရား နှင့် ဆိုင် သည်ကို ကိုယ်သိ ရ၍၊ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကို သက်သာစေကြလိမ့်မည်။

20အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။

21ချစ်သူ တို့၊ ကိုယ် စိတ်နှလုံးသည် ကိုယ် ကို အပြစ် မ တင်လျှင် ၊ ဘုရားသခင့် ရှေ့ တော်၌ ရဲရင့် ရသော အခွင့် ရှိ ကြ၏။

22ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။

23ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။

24ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။

← ရှင်ယောဟန်ဩဝါဒစာပထမစောင် 2Read In The App, Free →ရှင်ယောဟန်ဩဝါဒစာပထမစောင် 4 →

Study ရှင်ယောဟန်ဩဝါဒစာပထမစောင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345