ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:12
ဘုရားသခင် ကို အဘယ်သူ မျှမမြင် စဖူး ။ သို့သော်လည်း၊ အချင်းချင်း ချစ် ကြလျှင် ၊ ဘုရားသခင် သည် ငါ တို့၌ တည် တော်မူ၍ ၊ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ လျက်ရှိ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Exodus 33:20သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
John 1:18ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
1 Timothy 1:17လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။
Hebrews 11:27ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမျက် ကို မ ကြောက် ဘဲ၊ အဲဂုတ္တု ပြည်ကိုစွန့်သွား ၏။ အကြောင်းမူကား ၊ မျက်မြင် မရသော ဘုရားသခင်ကို မြင် ရဘိသကဲ့သို့ တည်ကြည် ခြင်းရှိ၏
1 John 3:24ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။
1 John 4:17ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။