ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:10
ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Numbers 23:19ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
Psalms 25:14ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
Isaiah 53:1ငါ တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ သနည်း။ ထာဝရဘုရား ၏ လက် တော် သည် အဘယ် သူအား ထင်ရှား တော်မူသနည်း။
John 3:16ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။
John 5:38နှုတ်ကပတ် တော်သည်လည်း သင် တို့၌ မ တည် ။ အကြောင်းမူကား ၊ စေလွှတ် တော်မူသောသူ ကိုသင် တို့ သည် မ ယုံကြည် ဘဲနေကြ၏။
Romans 8:16ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။