2 ဓမ္မရာဇဝင်တတိယစောင် 18:21
ဧလိယ သည် လူ များရှိရာသို့ လာ ၍ ၊ သင် တို့သည် ဘာသာ နှစ် ပါးစပ်ကြား မှာ အဘယ်မျှ ကာလ ပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရား သည် ဘုရားသခင် မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့။ ဗာလ သည် ဘုရားသခင်မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင်၊ လူ များတို့ သည် တိတ်ဆိတ် စွာ နေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Genesis 44:16ယုဒ ကလည်း ၊ ကျွန်တော် တို့သည် သခင် အား အဘယ် စကားဖြင့် လျှောက် ရပါအံ့နည်း။ အဘယ်သို့ ပြော ရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ် နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန် တို့၏အပြစ် ကို ဘုရားသခင် စစ်၍ တွေ့ တော်မူပြီ။ အကြင်သူ ၌ ဖလား တော်ကိုတွေ့ ၏။ ထို သူမှစ၍ ကျွန်တော် တို့ ရှိသမျှသည် သခင် ၏ ကျွန် ဖြစ်ကြပါ၏ဟု လျှောက် လေသော်၊
Deuteronomy 4:35ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ ကိုယ်တော်မှတပါး အခြား သောဘုရား မ ရှိကြောင်းကို၎င်း၊ သင်တို့သိ စေခြင်းငှာ ၊ ထိုအခြင်းအရာတို့ ကို သင် တို့အား ပြ တော်မူပြီ။
Joshua 24:23ယောရှုက၊ သို့ဖြစ်လျှင် ၊ သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။
1 Kings 18:39လူ အပေါင်း တို့သည် မြင် လျှင် ပြပ်ဝပ် ၍ ၊ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံ ကြ၏။
1 Chronicles 17:26ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
Job 40:4ကိုယ်တော် အား အဘယ်သို့ ပြန် လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် နှုတ် ကို ကိုယ် လက် နှင့် ပိတ် ပါမည်။