ရှင်ပေတရုဩဝါဒစာပထမစောင် 1:6
အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 1
Cross References
1 Samuel 2:1တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
Psalms 9:14သို့ဖြစ်၍ ဂုဏ် ကျေးဇူးတော်အပေါင်း ကို ဇိအုန် မြို့ တံခါး ဝမှာ အကျွန်ုပ်ပြ ညွှန်ပါမည်။ ကယ်တင် တော်မူ ခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက် ပါမည်။
Psalms 35:10အကျွန်ုပ် အရိုး ရှိသမျှ တို့ကလည်း၊ အိုထာဝရဘုရား ၊ အစိုး တရပြုသောသူ၏ လက်မှ ဆင်းရဲ သားကို နှုတ် တော်မူ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်၌ ဆင်းရဲ ငတ်မွတ် လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော် နှင့် အဘယ် သူတူ ပါ သနည်းဟု လျှောက်ဆို ကြမည်။
Psalms 95:1လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။
Psalms 119:75အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
Isaiah 61:3စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။