ရှင်ပေတရုဩဝါဒစာပထမစောင် 2:19
အကြောင်းမူကား ၊ ဘုရားသခင် ၏မျက်နှာ တော်ကိုထောက်၍ ၊ မတရား သောညှဉ်းဆဲ ခြင်းကို နာကျင် စွာခံရလျှင် ကျေးဇူး ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
For this is thankworthy, if a man for conscience toward God endure grief, suffering wrongfully.
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Psalms 35:19မဟုတ် မမှန်ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ သည် အောင် ပွဲကို မ ခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့ လည်း မျက်စိ စွေ ပြ ခြင်းကို မပြုကြပါစေနှင့်။
Psalms 69:4အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့သည် အကျွန်ုပ် ၏ဆံပင် ထက် များ ကြပါ၏။ မဟုတ် မမှန် ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြု၍ ဖျက်ဆီး သောသူတို့ သည် ခွန်အား ကြီးကြပါ၏။ ထိုအခါ အကျွန်ုပ် သည် မ ယူ သော ဥစ္စာကိုပင်ပြန် ပေးရပါ၏။
Matthew 5:10ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
John 15:21ထိုသူတို့သည် ငါ့ ကိုစေလွှတ် တော်မူသောသူ ကို မ သိ သည်ဖြစ်၍ ၊ ငါ ၏နာမ ကြောင့် သင် တို့အား ထို အမှု ရှိသမျှတို့ကို ပြု ကြလိမ့်မည်။
Romans 13:5ထိုကြောင့် ၊ ရာဇဝတ် ကိုကြောက်သောကြောင့် သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ ရမည် မ ဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက် ၍ဝန်ခံရမည်။
2 Corinthians 1:12ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။