ရှင်ပေတရုဩဝါဒစာပထမစောင် 2:24
ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Exodus 28:38အာရုန် သည် ထိုသင်းကျစ်ကို နဖူး ၌ ဆင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်း စေသမျှသော အရာ တို့၌ ပါသောအပြစ် ကို ဆောင် ရမည်။ သူ တို့သည် ထာဝရဘုရား ၏ စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ အာရုန် ၏ နဖူး ၌ အစဉ် ဆင် ရမည်။
Leviticus 22:9ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။
Numbers 18:22ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
Psalms 38:4အကျွန်ုပ် ပြုမိသော ဒုစရိုက် တို့သည် အကျွန်ုပ် ခေါင်း ကို လွှမ်းမိုး ၍ ၊ လေး သောဝန် ကဲ့သို့ အကျွန်ုပ် မထမ်း နိုင်အောင် လေး ကြပါ၏။
Isaiah 53:4သို့သော်လည်း၊ ထိုသူ သည် ငါ တို့အနာ ရောဂါဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရား သခင်ဆုံးမ ၍ နှိမ့်ချတော်မူခြင်း ကို၎င်းခံရသောသူဖြစ်သည်ဟု ငါ တို့သည် ထင်မှတ် ကြပြီ။
Malachi 4:2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။