ထွက်မြောက်ရာကျမ်း 28:38
အာရုန် သည် ထိုသင်းကျစ်ကို နဖူး ၌ ဆင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်း စေသမျှသော အရာ တို့၌ ပါသောအပြစ် ကို ဆောင် ရမည်။ သူ တို့သည် ထာဝရဘုရား ၏ စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ အာရုန် ၏ နဖူး ၌ အစဉ် ဆင် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
37ပြာ သောကြိုး နှင့်ဗေါင်း ရှေ့ ၌ ချည် ထားရမည်။
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 28:43အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သော် ၎င်း၊ သန့်ရှင်း ရာအရပ် ဌာန၌ ယဇ် ပလ္လင်အနားသို့ ချည်းကပ် သော် ၎င်း ၊ အပြစ် ရောက် ၍ မ သေ စေခြင်းငှါ ထိုသို့ ဝတ် ရမည်။ အာရုန် မှစ၍ သူ ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသောပညတ် တော် ဖြစ်သတည်း။
Leviticus 10:17အပြစ် ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏။ သင် တို့သည် ပရိသတ် တို့ အပြစ် ကိုခံ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကိုပေး တော်မူသည်ဖြစ်၍၊ သန့်ရှင်း ရာ ဌာန တော်၌ အဘယ်ကြောင့် မ စား သနည်း။
Leviticus 22:16ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။
Leviticus 23:11သင် တို့သည် စိတ် တော်နှင့် တွေ့ခြင်းငှါ ယဇ် ပုရောဟိတ်သည် ဥပုသ် နေ့လွန်မှ၊ နက်ဖြန် နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရမည်။
Isaiah 53:6ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။
Isaiah 56:7ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။