ရှင်ပေတရုဩဝါဒစာပထမစောင် 4:11
ဘုရားသခင် သည် အရာရာ ၌ ယေရှု ခရစ် အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း ၊ ဟောပြော သောသူ သည်ဘုရားသခင် ၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက် သောသူ သည်၊ ဘုရားသခင် ပေး သနားတော်မူသော အစွမ်း သတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ အစွမ်းသတ္တိရှိ တော်မူစေသတည်း။ အာမင် ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 4
Cross References
Psalms 145:13ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။
Jeremiah 23:22ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။
Daniel 4:34ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
Matthew 6:13အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
Romans 3:2အထွေထွေ သော အကျိုး များစွာ ရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ် တော်များကို ခံရကြ၏။
Romans 12:6ထိုသို့ ပေး တော်မူသော ကျေးဇူး တော်အတိုင်း ငါ တို့သည် အသီးသီး အပြားပြားသော ဆု များကိုခံရသည်ဖြစ် ၍ ၊ ပရောဖက် အရာရှိလျှင် ၊ ယုံကြည် ခြင်း၏ပမာဏ ကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။