ရှင်ပေတရုဩဝါဒစာပထမစောင် 4:7
ခပ်သိမ်း သောအမှုအရာတို့သည် အဆုံး သို့ရောက် လုသည် ဖြစ်သောကြောင့် ၊ သမ္မာ သတိရှိကြလော့။ ဆုတောင်း ခြင်းအလိုငှာ စောင့် နေကြလော့။
မြန်မာကျမ်းစာ
In The King James Version
But the end of all things is at hand: be ye therefore sober, and watch unto prayer.
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 4
Cross References
Ecclesiastes 7:2မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။
Ezekiel 7:2အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည်သား တို့ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ ပြည် လေး ထောင့် တို့သည် ဆုံး ခြင်းသို့ ရောက် ကြ၏။
Matthew 24:13အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
Matthew 25:13သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
Mark 13:33ထို အချိန် ကာလသည် အဘယ် အခါ၌ ရောက် မည်ကို သင်တို့မ သိ သောကြောင့် သတိပြု ၍ဆုတောင်း လျက် စောင့် နေကြလော့။”
Luke 21:34သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။