ရှင်ပေတရုဩဝါဒစာပထမစောင် 5:3
အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့။
1835 Judson Burmese Bible
In The King James Version
Neither as being lords over God’s heritage, but being ensamples to the flock.
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 5
Cross References
Psalms 33:12ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
Ezekiel 34:4အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
Matthew 20:25ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြု တတ်ကြ၏။
Mark 10:42ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ် ကြ၏။ အကဲအမှုးတို့သည် အာဏာထားတတ်ကြ၏။
Acts 20:28ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
1 Corinthians 3:9ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။