ရှင်ပေတရုဩဝါဒစာပထမစောင် 5:4
သို့ဖြစ်လျှင် ၊ သိုးထိန်း အကြီး ပေါ်ထွန်း တော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်း တတ်သော ဘုန်းကြီး သော ပန်း ဦးရစ်သရဖူကို ခံရ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
And when the chief Shepherd shall appear, ye shall receive a crown of glory that fadeth not away.
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 5
Cross References
Psalms 23:1ထာဝရဘုရား သည် ငါ ၏ သိုးထိန်းဖြစ်တော်မူ ၏။ ငါသည် ဆင်းရဲ မ ခံရ။
Ezekiel 34:23သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။
Daniel 12:3ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။
Matthew 25:31လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
1 Corinthians 9:25ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ ၌ တပ်မက် ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်း ပျက်စီးတတ်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှာ ပြုကြ၏။ ငါ တို့မူကား မ ညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။
2 Thessalonians 1:7ဘုရားသခင် ကို မ သိ သောသူ ၊ ငါ တို့သခင် ယေရှု ခရစ်၏ ဧဝံဂေလိ တရားကို နား မ ထောင်သောသူ တို့ကို မီး လျှံ အားဖြင့် ဒဏ် ပေး တော်မူသောအခါ၊ သင် တို့ကို ဆင်းရဲ စေဘူးသော သူ တို့၌ဆင်းရဲ ခြင်းကို၎င်း၊ ဆင်းရဲ ခံရဘူးသော သင် တို့၌ ငါ တို့နှင့်အတူ ချမ်းသာ ခြင်းကို၎င်း၊