2 ဓမ္မရာဇဝင်ပထမစောင် 13:7
ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ၊ ဂဒ် ပြည် ၊ ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး ၍ ၊ လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
Leviticus 26:36ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။
Numbers 32:33ထိုအခါ မောရှေ သည် အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ ဆိုင်သမျှ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ ဆိုင်သမျှသောနယ်မြေ မြို့ ရွာတို့ကို ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား ၊ ယောသပ် ၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက် ၌ အပ် ပေးလေ၏။
Deuteronomy 20:8တဖန် လည်း၊ ဗိုလ် တို့က ကြောက် တတ်သော သဘောရှိ၍ စိတ်ပျက် သောသူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် လျှင် ထိုသူ စိတ် ပျက်သကဲ့သို့ သူ ၏အဘော် တို့သည် စိတ်ပျက် ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူ များတို့အား ပြော ရကြမည်။
Joshua 13:8ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ၊ မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။
Joshua 13:24မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား၊
1 Samuel 17:11ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် ၍ အလွန် ကြောက်ရွံ့ ကြ၏။