The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 13

1ရှောလု သည် တနှစ်ကျော် နှစ် နှစ် ခန့်လောက် ဣသရေလ အမျိုး၌ မင်း ပြုပြီးမှ ၊ ဣသရေလ အမျိုးသားသုံး ထောင် တို့ကို ရွေးကောက် ပြီးလျှင် ၊

2ကိုယ်တိုင်နေသောမိတ်မတ် မြို့နှင့် ဗေသလ တောင် ပေါ် မှာ လူနှစ်ထောင် ၊ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့၊ ယောနသန် ထံ မှာတထောင် ကိုထား၍၊ အခြား သောသူတို့ ကို မိမိ တို့ အသီးအသီး နေရာအရပ် သို့ လွှတ် လိုက်လေ၏။

3ယောနသန် သည် ဂိဗာ မြို့၌ ရှိသော ဖိလိတ္တိ တပ် ကို လုပ်ကြံ သဖြင့် ဖိလိတ္တိ လူတို့သည် သိတင်းကြား ကြ ၏။ ရှောလု ကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြား သိစေဟု တပြည်လုံး တံပိုး မှုတ် စေ၏။

4ရှောလု သည်ဖိလိတ္တိ တပ် ကို လုပ်ကြံ ကြောင်းနှင့် ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို ရွံ့ရှာ ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြားသိ ၍၊ လူ များတို့သည် ရှောလု နောက် ဂိလဂါလ မြို့၌ စည်းဝေး ကြ၏။

5ဖိလိတ္တိ လူတို့သည်လည်း ၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် ၊ စစ်ချီ ဗေသဝင် မြို့အရှေ့ ၊ မိတ်မတ် မြို့၌ တပ်ချ ကြ၏။

6ဣသရေလ အမျိုးသား တို့သည် အလွန် ဆင်းရဲ ခံရသဖြင့် ၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင် သောအခါ ၊ ဥမင် ၊ တောအုံ ၊ ကျောက် ကြား ၊ တောင်ထိပ် ၊ မြေတွင်း တို့၌ ပုန်းရှောင် ၍ နေကြ၏။

7ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ၊ ဂဒ် ပြည် ၊ ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး ၍ ၊ လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။

8ရှမွေလ ချိန်းချက် သည်အတွင်း ရှောလုသည် ခုနစ် ရက် ငံ့လင့် ၍ ၊ ရှမွေလ သည် ဂိလဂါလ မြို့သို့ မ ရောက် ၊ လူ များတို့လည်း ထွက်ပြေး ကြ၏။

9ရှောလု ကလည်း ၊ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ ထံသို့ ယူ ခဲ့ကြဟုဆို သဖြင့် ၊ မီး ရှို့ရာယဇ်ကို ပူဇော် လေ၏။

10မီး ရှို့ရာယဇ်ပူဇော် ခြင်းအမှု ပြီး သည်အဆုံး၌ ရှမွေလ သည် လာ ၏။ ရှောလု သည် ကောင်းကြီး ပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွား လျှင်၊

11ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ၊ ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ မ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ၊

12ဖိလိတ္တိ လူတို့သည် ငါ ရှိရာ ဂိလဂါလ မြို့သို့ စစ်ချီ ကြလိမ့်မည်။ ထာဝရဘုရား ကို ငါမ တောင်းပန် သေး ဟု အကျွန်ုပ်အောက်မေ့ သဖြင့် ၊ ကိုယ်ကို အနိုင် ပြု၍ မီး ရှို့ရာယဇ်ကို ပူဇော် မိပြီဟု ပြန်ပြော ၏။

13ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။

14ယခု မူကား သင် ၏ အာဏာ မ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မ ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်၊

15ထ ၍ ဂိလဂါလ မြို့မှ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့သို့ သွား ၏။ ရှောလု သည် မိမိ ၌ ရှိသောလူ တို့ကို ရေတွက် ၍ ခြောက် ရာ ခန့် မျှ ရှိ ၏။

16သူနှင့် သား တော်ယောနသန် ၊ သူ တို့၌ ရှိ သောလူ အပေါင်းတို့သည် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့တွင် နေ ကြ၏။ ဖိလိတ္တိ လူတို့သည် မိတ်မတ် မြို့တွင် တပ်ချ ကြ၏။

17လုယူသော တပ်သုံး တပ်တို့သည်၊ ဖိလိတ္တိ တပ်မ ထဲက ထွက် ၍ တတပ်သည် ရွာလ ပြည် ဩဖရ မြို့ လမ်း သို့ လိုက် ၏။

18တ တပ် သည် ဗေသောရုန် မြို့လမ်း သို့ လိုက် ၏။ တ တပ် သည် တော ဘက် မှာ ဇေဘိုင်ချိုင့် ကို မျက်နှာပြု သော ပြည် စွန်းလမ်း သို့ လိုက် ၏။

19ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့သည် ထား လှံ တို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည် တရှောက်လုံး တွင် ပန်းပဲ တယောက်မျှမ ရှိ။

20ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်း ကို ထက် စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။

21နောက် တဖန် ထွန်သွား ၊ ပေါက်တူး ၊ သုံးခွ ခက်ရင်း ၊ ပုဆိန် ၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။

22သို့ဖြစ်၍ စစ်တိုက် ရာကာလ ရှောလု နှင့် သားတော် ယောနသန် မှတပါး အဘယ်သူ၌ မျှ ထား လှံ မ ရှိ။

23တဖန် ဖိလိတ္တိ တပ်သား တို့သည် မိတ်မတ် မြို့ လမ်းဝ သို့ ထွက် ၍ နေကြစဉ်တွင်၊

← 2 ဓမ္မရာဇဝင်ပထမစောင် 12Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 14 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031