2 ဓမ္မရာဇဝင်ပထမစောင် 14:32
ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Genesis 9:4သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
Leviticus 7:26သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။
Leviticus 19:26အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
Deuteronomy 12:23သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။
Ezekiel 33:25သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
Acts 15:29လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။