ရာဇဝင်ချုပ်ပထမစောင် 10:15
ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား မ ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 10
Cross References
Judges 14:4ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ၌ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။
2 Samuel 17:14အဗရှလုံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့က၊ အာခိ လူဟုရှဲ ပေးသော အကြံ သည်အဟိသောဖေလ ပေးသောအကြံ ထက် သာ၍ ကောင်း သည်ဟု ပြောဆို ကြ၏။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အဗရှလုံ ၌ ဘေး ရောက် စေခြင်းငှါ ၊ အဟိသောဖေလ ပေးသော အကြံ ကောင်း ကို ဖျက် စေမည်အကြောင်း စီရင် တော်မူ၏။
1 Kings 11:31ယေရောဗောင် အား ၊ ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ၍ ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။
1 Kings 12:24သင် တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသား တို့ကို စစ်တိုက် ခြင်းငှါချီ ၍မ သွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု သည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား ၏စကား တော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန် သွားကြ၏။
2 Chronicles 9:29ရှောလမုန် ပြုမူသော အမှု အရာကြွင်းလေသမျှ အစ ဆုံး တို့သည်၊ ပရောဖက် နာသန် ၏ကျမ်း ၊ ရှိလော မြို့သားအဟိယ ၏အနာဂတ္တိ ကျမ်း၊ နေဗတ် သား ယေရောဗောင် တဘက် ၌ ပရောဖက် ဣဒ္ဒေါ ၏ ဗျာဒိတ် ကျမ်း၌ ရေးထား လျက်ရှိ၏။
2 Chronicles 25:16ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။