The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 10

1ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင် မြို့သို့ သွား ကြ၍ ၊ သူသည်လည်းသွား၏။

2ရှောလမုန် မင်းကြီးထံမှ ၊ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည်၊ ထိုသိတင်းကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ ၏။

3ဣသရေလ လူတို့သည် သူ့ထံသို့လူကို စေလွှတ် ၍ ခေါ် သဖြင့် ၊ လူအပေါင်း တို့သည် သူ နှင့်အတူ ရောဗောင် ထံသို့ ဝင် လျက်၊

4ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင် ပါပြီ။ ခမည်းတော် ထံမှာ ပင်ပန်း စွာ ဆောင်ရွက်ရသောအမှု၊ တင် တော်မူသောထမ်းဘိုး လေးကို ပေါ့ စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော် ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။

5ရောဗောင်ကလည်း၊ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည်သွား ကြ၏။

6ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက်ရှင် စဉ်အခါ ၊ အထံ တော်၌ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း ၊ အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊

7သူ တို့က ကိုယ်တော်သည် ဤ သူ တို့၌ ကျေးဇူး ပြု လျက် ၊ သူ တို့စိတ် ကို ဖြေ၍ ကောင်း သောစကားကို ပြော တော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။

8အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်၊ ခစားမြဲခစား သောမိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊

9ပြည်သား တို့က ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊

10ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကိုလေး စေပါပြီ၊ ပေါ့ စေတော်မူပါဟု လျှောက် သောပြည် သားတို့အား ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။

11ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး တို့ကို တင် လေပြီ။ ငါ သည်လည်း ထပ် ၍တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက်ဦးမည်ဟု ပြန်ပြော တော်မူပါဟု လျှောက် ထားကြ၏။

12ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက် သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် ကြ၏။

13ထိုအခါ ရောဗောင် မင်းကြီး သည် အသက်ကြီး သူတို့ပေးသော အကြံ ကိုမ လိုက်၊ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊

14ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။

15ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား မ ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။

16ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကိုသိမြင်လျှင်၊ ငါ တို့သည် ဒါဝိဒ် နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေ ခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ အသီးသီး သွား ကြ။ အိုဒါဝိဒ် ၊ သင် ၏အိမ် ကိုကြည့်ရှု လော့ဟု ရှင်ဘုရင် အား ပြန်ပြော လျက်၊ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

17သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူ တို့ကို၊ ရောဗောင် သည် အုပ်စိုး ရသေး၏။

18ထိုအခါ ရောဗောင် မင်းကြီး သည်၊ အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ အမျိုးသား တို့သည် သူ့ ကိုသေ အောင်ကျောက်ခဲ နှင့် ပစ် ကြ၏။

19ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။

← ရာဇဝင်ချုပ်ပထမစောင် 9Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 11 →

Study ရာဇဝင်ချုပ်ပထမစောင် 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536