ရာဇဝင်ချုပ်ပထမစောင် 13:11
ထာဝရဘုရား ရှေ့ တော်၌၊ မီးရှို့ ရာယဇ်နှင့် နံ့သာပေါင်း ကို နံနက် တိုင်း၊ ညဦး တိုင်းမီးရှို့ကြ၏။ သန့်ရှင်း သော စားပွဲ ပေါ် မှာ ရှေ့တော်မုန့် ကို၎င်း၊ ညဦး တိုင်းထွန်း စရာဘို့ ရွှေ မီးခုံ နှင့် မီးခွက် တို့ကို၎င်းပြင်ဆင်ကြ ၏။ ငါ တို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို စောင့် ကြ၏။ သင် တို့မူကား ၊ ထာဝရ ဘုရား ကို စွန့် ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Genesis 26:5အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
Exodus 27:20အာရုန် နှင့် သူ ၏သား တို့သည်၊ ညဦး မှသည် နံနက် တိုင်အောင် ၊ ထာဝရဘုရား ရှေ့ တော်၌ ထိုအမှု ကို စီရင် ရမည်။ ဣသရေလ အမျိုး တို့သည်၊ သား အစဉ် အဆက်စောင့်ရသောပညတ် တော် ဖြစ်သတည်း။
Exodus 30:1တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။
Leviticus 24:2ပရိသတ်စည်းဝေး ရာ တဲ တော်တွင် သက်သေခံ ချက် ကုလားကာ ပြင် မှာ မီးခုံ ၌ အစဉ် မပြတ်မီး ထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် သင့် ထံ သို့ဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။
Numbers 1:53ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊
Numbers 16:6အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊