The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 13

1ယေရောဗောင် မင်းကြီး နန်းစံ ဆယ်နှစ်နှစ်တွင် အဘိယ သည် ယေရုရှလင်မြို့၌မင်းပြု၍၊

2ယုဒပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ဂိဗာ မြို့သားဩရေလ ၏ သမီး မာခါ အမည်ရှိ၏။ အဘိယ နှင့် ယေရောဗောင် တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊

3အဘိယ သည် ရွေးချယ် သော စစ် သူရဲကောင်း လေး သိန်းနှင့် စစ် ခင်းကျင်း ၏။ ယေရောဗောင် သည် ရွေးချယ် သောစစ် သူရဲကောင်းရှစ် သိန်းနှင့် စစ် ခင်းကျင်း ၏။

4အဘိယ သည် ဧဖရိမ် ခရိုင် ၊ ဇေမရိမ် တောင် ပေါ် မှာ ရပ် လျက် ၊ အိုယေရောဗောင် နှင့် ဣသရေလ လူ အပေါင်း တို့၊ နားထောင် ကြလော့။

5ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆား နှင့် ယှဉ်သောပဋိညာဉ် အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ် နှင့် သား တော်မြေးတော်တို့၌ အစဉ် အိပ်တော်မူကြောင်းကို၊ သင် တို့သိမှတ် သင့်သည် မ ဟုတ်လော။

6သို့ရာတွင် ၊ ဒါဝိဒ် သား တော်ရှောလမုန် ၏ ကျွန် နေဗတ် သား ယေရောဗောင် သည်၊ မိမိ အရှင် ကို တစ်ဘက် ထ၍ပုန်ကန် လေပြီ။

7ရှောလမုန် သား ရောဗောင် သည် အသက် ငယ်၍ သဘော နူးညံ့ သောကြောင့် ၊ မ ဆီးတား နိုင်သောအခါ၊ လျှပ်ပေါ် သောသူ ၊ အဓမ္မ လူတို့သည် ယေရောဗောင် ထံမှာ စုဝေး ၍၊ ရောဗောင် မင်းတစ်ဘက် ၌ ကိုယ်ကိုခိုင်ခံ့ စေကြ ၏။

8ယခု လည်း သင် တို့သည် ဒါဝိဒ် ၏သား မြေး၌ ရှိသောထာဝရဘုရား ၏ နိုင်ငံ တော်ကို ဆီးတား မည်ဟု ကြံစည် ကြသည်တကား၊ သင် တို့သည် များပြား ၍ သင် တို့ဘုရား အရာ ၌၊ ယေရောဗောင် လုပ် သော ရွှေ နွားသငယ် တို့လည်း ရှိကြ၏။

9သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ် ၊ အာရုန် အမျိုး နှင့် လေဝိ အမျိုးသားတို့ကိုနှင်ထုတ် ၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ် အဘို့ ယဇ် ပုရောဟိတ်တို့ကို လုပ် ကြပြီမ ဟုတ်လော။ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုး ခုနစ် ကောင် ကိုပေး ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကိုခံ သော သူမည်သည်ကား၊ ဘုရား မ ဟုတ်သောသူထံ မှာ ယဇ်ပုရောဟိတ် ပြု ရသည်တကား။

10ငါ တို့မူကား ၊ ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား ၏ အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း ၊ မိမိတို့ အမှု ကို စောင့်နေကြ၏။

11ထာဝရဘုရား ရှေ့ တော်၌၊ မီးရှို့ ရာယဇ်နှင့် နံ့သာပေါင်း ကို နံနက် တိုင်း၊ ညဦး တိုင်းမီးရှို့ကြ၏။ သန့်ရှင်း သော စားပွဲ ပေါ် မှာ ရှေ့တော်မုန့် ကို၎င်း၊ ညဦး တိုင်းထွန်း စရာဘို့ ရွှေ မီးခုံ နှင့် မီးခွက် တို့ကို၎င်းပြင်ဆင်ကြ ၏။ ငါ တို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို စောင့် ကြ၏။ သင် တို့မူကား ၊ ထာဝရ ဘုရား ကို စွန့် ကြပြီ။

12ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါ တို့တွင် ဗိုလ် မင်းဖြစ်တော်မူ၏။ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်တို့သည်လည်း ၊ တံပိုးမှုတ် လျက် သင် တို့တစ်ဘက် ၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသား တို့၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား တစ်ဘက် ၌ မ တိုက် ကြနှင့်။ တိုက်လျှင်ရှုံး ရကြလိမ့်မည်ဟု ပြောဆို၏။

13ယေရောဗောင် သည် ယုဒ လူတို့နောက် ၌ မ ထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်း နေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်း ကြ၏။

14ယုဒ လူတို့သည် ပြန် ကြည့်သောအခါ ၊ စစ်မှု ဝိုင်းမိသည်ကို မြင် လျှင် ၊ ထာဝရဘုရား အား ဟစ် ခေါ်၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ကြ၏။

15တဖန် ယုဒ လူ တို့သည် ကြွေးကြော် သောအခါ ၊ ဘုရားသခင် သည် ယေရောဗောင် ကို အဘိယ နှင့် ယုဒ လူတို့ ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်၊

16ဣသရေလ အမျိုးသား တို့သည် ပြေး ၍ ၊ သူ တို့ကို ယုဒ လူတို့လက် သို့ ဘုရားသခင် အပ် တော်မူ၏။

17အဘိယ နှင့် သူ ၏လူ တို့သည် ကြီးစွာ သော လုပ်ကြံ ခြင်းကိုပြု ၍ ၊ ရွေးချယ် သော ဣသရေလ လူ ငါး သိန်းလဲ သေ သဖြင့်၊

18ဣသရေလ အမျိုးသား တို့သည်၊ ထိုအခါရှုံး ၍ ၊ ယုဒ အမျိုးသား တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် နိုင် ကြ၏။

19အဘိယ သည် ယေရောဗောင် ကို လိုက် ၍ ၊ ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။

20အဘိယ လက်ထက် ကာလပတ်လုံး၊ ယေရောဗောင် သည် နောက်တဖန် ခွန်အား ကို မ ရ ပြန်။ ထာဝရဘုရား ဒဏ်ခတ် တော်မူသဖြင့် သေ လေ၏။

21အဘိယ မူကား ခွန်အား တိုးပွါး၏။ မယား တဆယ် လေး ယောက်တို့ကိုယူ ၍ သား နှစ်ဆယ် နှစ် ယောက်နှင့် သမီး တဆယ် ခြောက်ယောက်တို့ကို မြင် ရ၏။

22အဘိယ ပြုမူသောအမှု အရာ ကြွင်း လေသမျှတို့ နှင့် ကျင့်သောအကျင့် ၊ ပြောသောစကား များတို့သည်၊ ရာဇဝင် နှင့်ဆက်၍ ပရောဖက် ဣဒ္ဒေါ စီရင်သော စာ၌ ရေးထား လျက်ရှိ၏။

← ရာဇဝင်ချုပ်ပထမစောင် 12Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 14 →

Study ရာဇဝင်ချုပ်ပထမစောင် 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536