ရာဇဝင်ချုပ်ပထမစောင် 13:15
တဖန် ယုဒ လူ တို့သည် ကြွေးကြော် သောအခါ ၊ ဘုရားသခင် သည် ယေရောဗောင် ကို အဘိယ နှင့် ယုဒ လူတို့ ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်၊
မြန်မာကျမ်းစာ
In The King James Version
In Context
16ဣသရေလ အမျိုးသား တို့သည် ပြေး ၍ ၊ သူ တို့ကို ယုဒ လူတို့လက် သို့ ဘုရားသခင် အပ် တော်မူ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Joshua 6:16သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ၊ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။
Joshua 11:8ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။
Judges 7:18ငါ နှင့် ငါ ၌ ပါသောသူ အပေါင်း တို့သည် တံပိုး မှုတ် သောအခါ ၊ တပ် ပတ်လည် အရပ်ရပ် ၌ သင်တို့သည် တံပိုး မှုတ် ၍ ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ ထားဟု ဟစ် ကြလော့ဟု မှာ ထား၏။
2 Chronicles 14:11အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
2 Chronicles 20:21လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
Psalms 47:1လူ များအပေါင်း တို့၊ လက်ခုပ် တီးကြလော့။ ဘုရား သခင် ထံသို့ အောင် သံ ကို လွှင့်၍ ကြွေးကြော် ကြလော့။