The Bible Software
bible.software › ရာဇဝင်ချုပ်ပထမစောင် › ရာဇဝင်ချုပ်ပထမစောင် 15 › ရာဇဝင်ချုပ်ပထမစောင် 15:9

ရာဇဝင်ချုပ်ပထမစောင် 15:9

ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ၊ ထို မင်းဘက်သို့ ဝင်စား ကြ၏။

မြန်မာကျမ်းစာ

In The King James Version

And he gathered all Judah and Benjamin, and the strangers with them out of Ephraim and Manasseh, and out of Simeon: for they fell to him out of Israel in abundance, when they saw that the LORD his God was with him.

In Context

8ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း ၊ စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။

10အာသ မင်းနန်းစံ ဆယ် ငါး နှစ် ၊ တတိယ လ တွင် ယေရုရှလင် မြို့၌ စုဝေး ၍၊

Read all of ရာဇဝင်ချုပ်ပထမစောင် 15

Cross References

Genesis 39:3သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။

1 Kings 3:28ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။

1 Chronicles 12:19ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလု ကို စစ်တိုက် သွား သော ဖိလိတ္တိ လူတို့နှင့် လိုက် သောအခါ ၊ ဖိလိတ္တိ မင်း တို့က၊ ဤသူသည် ငါ တို့ကိုအပ်၍ မိမိ သခင် ရှောလု ဘက်သို့ ဝင်စားမည်ဟု တိုင်ပင် ပြီးမှ ပြန် စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မ ကူ ဘဲ ဇိကလတ် မြို့သို့ သွား သောကာလ ၊ သူ့ဘက် သို့ ဝင်စားသော မနာရှေ အမျိုးသားဟူမူကား၊

2 Chronicles 19:4ထိုနောက် ၊ ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ၊ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။

2 Chronicles 30:25ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ၊ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။

Zechariah 8:23ထိုကာလ ၌ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ရာဇဝင်ချုပ်ပထမစောင် 15:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ရာဇဝင်ချုပ်ပထမစောင် 15:8ရာဇဝင်ချုပ်ပထမစောင် 15ရာဇဝင်ချုပ်ပထမစောင် 15:10 →