ရာဇဝင်ချုပ်ပထမစောင် 16:14
ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 16
Cross References
Genesis 50:2အဘ ၏အလောင်း ကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိ ကျွန် ဆေးသမား တို့ကို အမိန့် ရှိ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
2 Samuel 2:32အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။
2 Chronicles 32:33ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Ecclesiastes 10:1အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
Jeremiah 34:5ငြိမ်ဝပ် စွာ သေ ၍ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
John 19:39အထက် ကညဉ့် အခါယေရှု ထံသို့ လာ သော နိကောဒင် သည်လည်း ၊ အခွက်သုံးဆယ်မျှလောက် အချိန် ရှိသောမုရန် နှင့် အကျော် ကို ရောနှော သော နံ့သာပျောင်းကို ဆောင် လျက်လာ ၏။