ယေရမိအနာဂတ္တိကျမ်း 34:5
ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
6ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊
Read all of ယေရမိအနာဂတ္တိကျမ်း 34
Cross References
1 Samuel 31:12သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
2 Chronicles 16:14ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။
2 Chronicles 34:28ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤအရပ်သားတို့ ၌၎င်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
Lamentations 4:20ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။
Daniel 2:46ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊