ရာဇဝင်ချုပ်ပထမစောင် 20:12
အိုအကျွန်ုပ် တို့ဘုရားသခင် ၊ သူ တို့ကို မ စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
13ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Deuteronomy 32:36ထာဝရဘုရား သည် မိမိ လူ တို့အဘို့ တရား စီရင်တော်မူမည်။ ကိုယ်တော် ၏ ကျွန် တို့သည် တန်ခိုး ကုန် ကြောင်း ၊ အချုပ် ခံရသောသူ၊ လွတ် သောသူတယောက် မျှ မရှိကြောင်းကို မြင် သောအခါ ၊ သူတို့အမှုကြောင့် နောင်တ ရ တော်မူလျက်၊
1 Samuel 3:13ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။
2 Samuel 14:11မိန်းမက၊ သေစားသေစေ သောသူတို့သည် ကျွန်တော်မ ၏သား ကိုသတ် မည်ဟု စိုးရိမ်ပါသည်ဖြစ်၍ ၊ သူတို့သည်အထူးသဖြင့်မ ဖျက်ဆီး စေခြင်းငှါအရှင်မင်းကြီးသည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို အောက်မေ့ တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင့် သား ၏ဆံပင် တပင်မျှ မြေ ပေါ်သို့ မ ကျ ရဟု မိန့် တော်မူ၏”
2 Kings 6:15နံနက်စောစောဘုရား သခင့်လူ ၏ ကျွန် သည် ထ ၍ ပြင်သို့ ထွက် သောအခါ ၊ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ တို့သည် မြို့ ကို ဝိုင်း လျက် ရှိကြသည်ဖြစ်၍၊ အိုသခင် ၊ အဘယ်သို့ ပြု ရပါမည်နည်းဟု မိမိ သခင် အား ဆို ၏
Psalms 7:8ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။
Psalms 25:15အကျွန်ုပ် သည် ထာဝရဘုရား ကို အစဉ် မြော်လင့် လျက် နေပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် ၏ခြေ ကို ကျော့ကွင်း ထဲ က နှုတ် ယူတော်မူမည်။