ရာဇဝင်ချုပ်ပထမစောင် 29:25
ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 29
Cross References
2 Samuel 7:2ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊
2 Samuel 12:1နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
1 Chronicles 9:33သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။
1 Chronicles 16:4တဖန် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ အမှု တော်ကို ဆောင်ရွက်၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထား တော်မူသောလေဝိ သားများဟူမူကား၊
1 Chronicles 21:9ထာဝရဘုရား သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် ကို ခေါ်၍၊
1 Chronicles 25:1ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊