ရာဇဝင်ချုပ်ပထမစောင် 29:24
ယဇ် ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 29
Cross References
Leviticus 4:13ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင်၊
Leviticus 8:15နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
Leviticus 14:20မီး ရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ယဇ် ပလ္လင်ပေါ် မှာ ပူဇော် သဖြင့် ထိုလူအဘို့ အပြစ် ဖြေခြင်းကို ပြု၍ ၊ သူသည်သန့်ရှင်း ရ၏။
Ezra 6:17ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
Ezekiel 45:17မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
Romans 5:10အကြောင်းမူကား ၊ ရန်သူ ဖြစ် လျက်ပင်ဘုရားသခင် ၏ သား တော်အသေခံ တော်မူခြင်းအားဖြင့် ၊ ငါတို့သည် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိသ္သဟာယဖွဲ့ ပြီးမှ၊ အသက် တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။